အမျိုးသားတို့အတွက် အခြေခံ အသားအရေ ထိန်းသိမ်းနည်းများ
27-Feb-2017အမျိုးသားတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်ပြီး အသားအရေ၊ ဆံကေသာ၊ လက်သည်းခြေသည်းတွေ ကြည့်ကောင်းနေစေဖို့ သိထားသင့်တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို သိသမျှ မျှဝေလိုက်ပါတယ်။
(၁) အသားအရေ ကြေးချွတ် သန့်စင်ပါ
အမျိုးသားတွေအဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကို ကြေးချွတ် သန့်စင်ပေးသင့်ပါတယ်။ တကယ်လို့ သင့်အသားအရေက အလွန်အမင်း ကြမ်းတမ်းခြောက်သွေ့ပျက်စီးနေရင် တစ်နေ့ တစ်ကြိမ် ကြေးချွတ်သန့်စင်ပေး ပါ။ ကြေးချွတ်ပေးတာကြောင့် အရေပြား ဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေ စိုပြည်လန်းဆန်းစေပါတယ်။ ဒါအပြင် အရေပြားပေါ်မှာ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမိုကောင်းမွန်စေပြီး စိုပြည်တင်းရင်း လှပစေပါတယ်။
(၂) အစိုဓာတ် ထိန်းရာတွင် လက်သည်း၊ ခြေသည်းကိုပါ မမေ့ပါနှင့်
ထိန်းပေးရုံ သာမက လက်သည်း၊ ခြေသည်းခြောက်သွေ ့ကြွပ်ဆတ်နေရင် ရေ နံဂျယ်လီ ခပ်ထူထူ လိမ်းပြီး လက်သည်း၊ ခြေသည်း တစ်ဝိုက်မှာ အစိုဓာတ် ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ် ထိန်းပြီးရင် ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေ စိုက်ပျိုးတဲ့အခါနဲ့ ကားရေဆေးတဲ့အခါတွေမှာ သားရေလက်အိတ် စွပ်ပေးပါ။ ဒါဆိုရင် လက် အရေပြား ထိခိုက်မှု ကင်းစေပါတယ်။
(၃) အသားအရေ ထိခိုက်ပျက်စီးစေသည့် အပြုအမူ ရှောင်ပါ
အမျိုးသားတွေအတွက် အသားအရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေး လိပ်သောက်တာ၊ အရက် အလွန်အမင်း သောက်တာနဲ့ အကာအကွယ် မပါဘဲ နေပူထဲ ထွက်တာတို့ ဖြစ်ကြပါတယ်။ နံနက် စောစော နေခြည်နုနု ခံယူတာက အဆင်ပြေပေမယ့် နေပူရှိန် ပြင်းတဲ့အချိန် အပြင်မှာ ခပ်ကြာကြာ နေတာမျိုး ကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာ အပြင်ကို သွားရမယ်ဆိုရင် နေကာနိုင်စွမ်း SPF အဆ ၃၀ ပါတဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအရေကို အလွန်အမင်း ထိခိုက်မူ ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။
(၄) ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ
ရှမ်ပူ အနည်းငယ်ထဲကို ကြက်ဥ ဒါမှ မဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ အချိန် ၅ မိနစ်ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင်သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။
(၅) မျက်နှာကို သဘာဝပစ္စည်းများ သုံးပြီး ဆေးကြောသန့်စင်ပါ
မျက်နှာနဲ့ လည်ပင်းကို သဘာဝ အအေးခရင်မ် (Cold Cream) လိမ်းပြီး ဂလစ်ဆရင်းနှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေးတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ကေအမ်